မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၃

မိတ္ထီလာမြို့ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဆေးရာင်ခြယ်ပြိုင်ပွဲကို ကျင်းပကြောင်း သိရသည်။

ကျောင်းသူကျောင်းသားတွေအနေနဲ့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့စာကြည့်တိုက်မှာရှိတဲ့ စာအုပ်စာပေတွေကို လာရောက်ဖတ်ရှုချင်စိတ်တွေ ဖြစ်ပေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်သလို သူတို့ရဲ့ စဉ်းစားတွေးခေါ်မှု အသိဉာဏ်တွေကို လက်တွေ့ဆေးရောင်ခြယ်ရင်း တိုးတက်ဖွံ့ဖြိုးစေရန်လည်း ရည်ရွယ်ပြီးတော့ ယခုလို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ပေးတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ စည်းကမ်းချက်များကို ပြောကြားသည်။ ၄င်းနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၂၉ ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသူကျောင်းသားများအား  ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ချမ်းသာ