သတင်းများ

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Apr 08,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် မွေးစမှ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မွေးစမှ အသက်နှစ်နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၄၆)ဦးဖြေဆို
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၅ ခု မှကျောင်းသား၊ကျောင်းသူ (၁၆၃)ဦးစာရင်းပေးသွင်းထားပြီး (၁၄၆)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
မိတ္ထီလာ၌ နွေရာသီအခြေခံအားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 08,2022
မိတ္ထီလာ၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီ အခြေခံအားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အားကစားကွင်းမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်  ဆက်လက်ဖြေဆိုလျက်ရှိ
Apr 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ  ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ နွေရာသီအခြေခံကရာတေးအားကစားသင်တန်း ဖွင့်လှစ်
Apr 08,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန လေးဝတီကရာတေးအသင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံကရာတေး ဒိုသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက်(၇:၃၀)နာရီ အချိန်က ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 08,2022
(၂၀၂၂)ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်း ဘုရားလမ်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လည် ၁၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။