ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုး​တိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်

ကျောင်းကုန်း နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း  တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကိုင်းဝိုင်းအုပ်စု၊ မြွေဟောက်ကျေးရွာ သဗ္ဗသိဒ္ဓိဘုန်း ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့ ဦးဆောင်‌၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းသည် ကိုင်းဝိုင်းအုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၇)ဦးနှင့် ဒေသခံပြည်သူ (၁၃၇)ဦး၊ စုစုပေါင်း(၁၉၄)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး၊  စားသုံးဆီဖူလုံစေရေး နေကြာကို စိုက်ပျိုးကြဖို့၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ကို ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးရေး စသည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက် (၄)နာရီအချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာ‌ပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)