သတင်းများ

အင်္ဂပူမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း အမိုးလန်ပျက်စီး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သီတက္ကန် (မြောက်) ကျေးရွာမှ ထွက်ရှိသည့်  မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို အတာအိုးများ ရောင်းအားကောင်း
Apr 08,2022
မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ  ရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းနှင့် နေပြည်တော်အတွင်းရှိ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Apr 08,2022
Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းနှင့် နေပြည်တော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပိုင်ကျုံမြို့၌ ထီလုံ-တာပေါင်-နဘူး-ပတလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားတည် ဆောက်ခြင်းလုပ်ငန်း ရာနှုန်ပြည့်ပြီးစီး
Apr 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်- ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင်  သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို    ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင်  စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးဖြစ်ပါ‌ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ငါးခုတွင် အဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ကျောင်းသား ၁၁၀ ဦး၊ ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ၂၁၅ ဦး အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပုန်းတလုတ်ရေကန် ရေတိမ်ကောသွားမှုမရှိစေရန် ရေဖြည့်သွင်းခြင်းများ စတင်ဆောင်ရွက်
Apr 08,2022
နွေရာသီ ရေရှားပါးသည့်အချိန်  ပင်းတယမြို့လယ်ရှိရှေးဟောင်း သမိုင်းဝင် ပုန်းတလုတ် နတ်ရေကန်အတွင်း ရေခမ်းခြောက်မှု မဖြစ်စေရန် ရည်ရွယ်၍ မြို့၏ အနောက်မြောက်တောင်ခြေရှိ သဘာဝဇော်ဂျီရေထွက်ချောင်းမှရေများအား  ရေကန်အတွင်းသို့ ရေသွင်းပိုက်များဖြင့် ရေဖြည့်တင်း ဆောင်ရွက်မှုများကို ယမန်နေ့  နေ့လည်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆို
Apr 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တို့ကို ယနေ့ နံနက်  ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နေကြာ မိုးကြိုဝါမျိုးစေ့များ ပေးအပ်ပွဲနှင့် နေကြာ စိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေကြာ မိုးကြိုဝါ မျိုးစေ့များပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုး ထုတ်လုပ်မှုပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ခဲ့သည်။