မြောက်ဦးမြို့၌  စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်း

မြောက်ဦး  နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကထိန်သင်္ကန်းနှင့်တကွ ပဒေသာပင်များ အလှူရံပစ္စည်းများဖြင့် အောင်တပ်ရပ်ကွက်၊ မောလိပ်ကန်အနီး အောင်ရတာနာကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန အလှူဒါယကာ ခေတ္တခရိုင်ဦးစီးမှူး ဦးစိုးလွင်ဖြိုးနှင့် အလှူဒါယိကာမ ဦးစီးအရာရှိ ဒေါ်ခင်သက်မော်တို့နှင့် ခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ကြပြီး ဒိုင်းကျီဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးစိုးလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်ခင်သက်မော်နှင့် ခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကထိန်သင်္ကန်းနှင့် ကထိန်အခြံအရံလှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် အရှင်မြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အလယ်ဈေးရပ်ကွက် ဓမ္မာရုံကျောင်းတိုက် ဆရာတော်ကြီးမှ ကထိန်အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု ကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကာ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပေးပြီး ကြွရောက်လာသောတရားနာဧည့်ပရိတ်များကို ဘောဇဉ်အဟာရများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)