မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁)ရက်နေ့မှစတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့တွင် ယနေ့ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးတို့က ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။