ချမ်းအေးသာစံ နိုဝင်ဘာ ၃
ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက် ၂ အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနရုံးတွင် ပန်းခင်းစီမံချက် ၂ အဖြစ် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ရောက် ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်တို့က အောင်မြေသာစံခရိုင်၊ မဟာအောင်မြေ ခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများထံ ပန်းခင်းစီမံချက် ၂ အဖြစ် ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၀ ကျော်အား အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်တို့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်