သပိတ်ကျင်း နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် သပိတ်ကျင်းတပ်နယ် တပ်မတော်သားများ၊ တာဝန်ခံအရာရှိကြီးများ၊ တပ်မတော်မိသားစုဝင်များမှ ဆန် (၂၀) အိတ်၊ ဆီ( ၂၂၀)ပိဿာ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များ၊ တပ်မတော် စက်ရုံထုတ်ပစ္စည်းများ စသည့် အခြေခံစားသောက်ကုန် (၁၆) မျိုးအား သပိတ်ကျင်းမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စုစုပေါင်း လူဦးရေ (၃၀၀)ကျော်တို့အား ပြင်ပတွင် ရောင်းချသည့် စျေးနှုန်းထက် သက်သာသည့် စျေးနှုန်းများဖြင့် တတိယအကြိမ် ဆက်လက် ရောင်းချပေးလျက်ရှိရာ ပြည်သူများဝမ်းသာစွာဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ထို့အပြင် နှာခေါင်းစည်း အသုံးမပြုသူပြည်သူများအား တာဝန်ရှိသူများက နှာခေါင်းစည်းများ ဝေငှပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ စျေးရောင်းချရာသို့ သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းမြတ်သူနှင့် သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ ဆက်)