သံတောင် ဒေသထွက်မန်ကျည်းသီးမှည့်များ ပုံမှန်ဈေးသာရရှိ
Apr 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့ဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသောသူများဖြစ်ကြသည်။ ယခုအချိန်တွင်ဒေသထွက် သီးနှံတစ်ခုဖြစ်သော မန်ကျည်းသီး မှည့် ရာသီချိန်ဖြစ်သောကြောင့် ဒေသခံများသည် တစ်ပိုင်တစ်နိုင် မန်ကျည်းသီးမှည့်များ အခွံခွာခြင်း၊ အစေ့ထုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။