သတင်းများ

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ် (၅)ရပ်ကွက်၊ အမှတ် ၂ မူလတန်းကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်(First Dose၊ Second Dose) ထိုးနှံပြီးသည့် အသက်(၅၀)နှစ်နှင့် အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၉)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများအား ပထမအကြိမ် စုစုပေါင်း(၈၈)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၅၂၄)ဦးရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင် ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တု၊ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် စေတီတော်တည်ထားရန် အလှူငွေဆက်ကပ် လှူဒါန်း
Apr 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္တုနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မိုးစပါးရာသီသစ်စိမ်မြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ပွဲ ကျင်းပ
Apr 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ​ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ပွဲကို တောင်သူဦးသိန်းအေး၏ ကွင်းအမှတ် ၃၇၂၊ ဦးပိုင်အမှတ် ၈/၆/ ရှိလယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်
Apr 11,2022
ကျောက်တော်မြို့၌ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်​ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလနှင့် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တန်ခူးလပြည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖူးမြော်ချိန်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်
Apr 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး၌ သင်္ကြန်ရုံးပိတ်ရက် ကာလနှင့် ဗုဒ္ဓပူဇနိယပွဲတော်အတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေရန်၊ ဥပုသ်သီလစောင့်တည်နိုင်ရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌထံမှ သိရှိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ (၂၆)ကြိမ်မြောက် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
Apr 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာ ဒေါ်အေးခိုင်ညွန့်တို့အား အမှူးထားလျက် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့်ဇနီး ဒေါ်သက်နွေဦး တို့မှ ကြီးမှူး၍  ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ရဟန်းခံ၊ ရှင်ပြု၊ သိက္ခာထပ်၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီ အချိန်မှစ၍ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် လေဘေးသင့် မိသားစုအား ထောက်ပံ့ငွေပေးအပ်
Apr 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ နမ့်လန်းကျေးရွာအုပ်၊ ပန်ကြူကျေးရွာနေ လေဘေးသင့် မိသားစုအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့ ၁၂ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေမြနန္ဒာ မြို့ဦး မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်(၇)ရက် တရားစခန်းပွဲ ကျင်းပ 
Apr 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ရွှေမြနန္ဒာ မြို့ဦး မဟာစည်သာသနာ့ရိပ်သာအတွင်း၌ ယနေ့နံနက်မှစ၍ (၇)ရက် သင်္ကြန်တရားစခန်းပွဲ ကျင်းပလျက် ရှိသည်။