ပုသိမ်ကြီးမြို့နယ်တွင်"တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ"အသိပညာပေး Talk Show ကျင်းပ

ပုသိမ်ကြီး  နိုဝင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "တန်ဆောင် မုန်းလပြည့်နေ့အကြောင်းသိကောင်းစရာ" အသိပညာပေး Talk Show ကို ယနေ့ နေ့လယ်၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ရုပ်သံကျွမ်းကျင်တို့က တန်ဆောင်မုန်းလပြည့်နေ့အကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်သာ မညဖလသုတ္တန်တရားကို ဟော ကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြကြောင်း“ သာမညဖလ”၏အဓိပ္ပာယ်မှာ “ရဟန်းပြု ရခြင်း၏အကျိုး”ဟု အဓိပ္ပာယ်ရကြောင်း၊ရဟန်း ပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ကြောင်း၊တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာ့ရိုးရာ ဆယ့် နှစ်လရာသီပွဲတော်များအနက် ထူးခြားလှတဲ့ တန်ဆောင်

မုန်းလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ကထိန်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပွဲတော် ၊မဲဇလီ ဖူးသုပ်ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတေ ာ်များကို သာမညဖလအခါတော်နေ့ ပွဲတော်များအဖြစ် ကျင်းပလေ့ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်ကြောင်း၊ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင် မုန်းလပြည့်နေ့တွင် သာမညဖလ သုတ္တန်တရားကို ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌ သာမညဖလအခါတော်နေ့ အထိမ်းအမှတ်ကျင်းပရခြင်းဖြစ်ပါကြောင်း အစရှိသည့် ပွဲတော်များအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)