ဖျာပုံမြို့၌အကြိမ် (၃၀)မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၇) ရပ်ကွက် ညောင်တုန်း ကျောင်းအား အမှူးထား၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အကြိမ် (၃၀) မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုပေါင်းလှူဒါန်းသော ငွေကျပ်သိန်းပေါင်း (၃၀၀) ကျော် တန်ဖိုးရှိ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်ရတနာ့သိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။