မြောင်းမြ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးဧက (၁၀၀)စံပြကွက် ရိတ်သိမ်းပွဲနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် မျိူးစေ့ပေးအပ်ပွဲ အခမ်းအနားကို မဒေါ့ပင်ကျေးရွာ တောင်သူဦးထွန်းနိုင်ဝင်း၏ လယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မဒေါ့ပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီ ဧက(၁၀၀)တွင် တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး စံပြကွက်ဆောင်ရွက်ထားရှိရာ တောင်သူဦးထွန်းနိုင်ဝင်းက စိုက်ဧက ၂၅.၈၁ ဧက၊ ဦးစိန်ခင်က စိုက်ဧက ၂၂.၈၉ ဧက၊ ဦးသက်နိုင်ဦးက စိုက်ဧက ၇.၉၆ ဧက၊ ဦးထိန်လင်းက စိုက်ဧက ၃၀.၂၀ ဧက၊ ဦးသိန်းအောင် က စိုက်ဧက ၇.၈၃ ဧက၊ ဦးမြသောင်းက စိုက်ဧက ၅.၄၆ ဧက စိုက်ပျိုးထားရှိပြီး ယခုရိတ်သိမ်းနေသည့် တောင်သူဦးထွန်းနိုင်ဝင်း၏ စံပြကွက်တွင် တစ်ဧက စပါး (၁၂၈) တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြောင်း မြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးထွန်းနိုင်ဝင်း လယ်မြေတွင် မိုးစပါး စံပြကွက် ရိတ်သိမ်းနေမှုနှင့် စပါးထွက်ရှိမှုကို ကြည့်ရှုအားပေးပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးအတွက် မျိူးစေ့များကို တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြ ခရိုင် ပြန်ဆက်