သတင်းများ

ရေကြည်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အဦ(၂)ခုနှင့် ကျေးရွာနေအိမ်(၄)အိမ်အတွက် ကွင်းဆင်းထောက်ပံ့
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ၌ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦ(၁)လုံး၊မူလတန်းလွန်ကျောင်း (ဝန်ထမ်းအဆောင်) (၁)ဆောင် အမိုးလန်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်(၂)လုံး ပြိုပျက်၊ နေအိမ်(၁)လုံးအမိုးလန်ပျက်စီးနှင့် အကာပွင့်ပျက်စီးနေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၄)လုံးနှင့် ဌာနဆိုင်ရာအဆောက်အဦ(၂)လုံး လေဘေးသင့်ပျက်စီးခဲ့သည့်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Apr 10,2022
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်(၈)ဦးအပါအဝင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း အလုပ်သမား (၁၅၃)ဦး ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်း မြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲ ပြောင်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေတောင် ​မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၅) လုံး အမိုးလန်ပျက်စီးပြီး (၂) လုံးပြိုကျ
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကျွန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၅၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ကျောက်ထရံအုပ်စု စစ်ကုန်းကျေးရွာနှင့် ကွင်းယားကြီးကျေးရွာအုပ်စု ကွင်းယားကြီးကျေးရွာတို့တွင် လူနေအိမ် (၂)လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Apr 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးကြောင့် ဖြစ်ပွား ခဲ့သော လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မဟာသင်္ကြန်ကာလ ချောင်းသာကမ်းခြေ၌ ယခင်ပုံမှန်ရက်များထက် လာရောက်အပန်းဖြေသူ ပိုမိုစည်ကားများပြား
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့် မဟာသင်္ကြန်ကာလတွင် အပမ်းဖြေလာရောက်သူ ရေကစားသူများဖြင့် ယခင်ပုံမှန်ရက်များထက် ယနေ့နံနက်ပိုင်းက စတင်ပြီး ပိုမိုစည်ကား လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ် မောင်မယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့်အတူ မြို့နယ် အားကစားခန်းမနှင့် မြို့နယ်ဘောလုံးကွင်းတို့တွင် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ၌ မိုးလုံလေလုံအားကစားရုံကြီးတွင် သင်တန်းဆင်းပွဲ နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
အင်္ဂပူမြို့၌ နွေရာသီအခြေခံအား ကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်အားကစားခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Apr 10,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစွမ်းအားများ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ပိုက်ကျော် ခြင်း အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီတွင် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပသည်။