သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk show) ပြုလုပ်
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင်  တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Nov 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်းဖွင့်လှစ်
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်း ဖွင့်လှစ်ခဲ့သည်။
ဇလွန်မြို့နယ်တွင် ( ၃၅ )ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ယင်းမလွတ် ကျေးရွာအုပ်စု၊ ဂျမ်းတိုက်ကျောင်းသစ်တွင် ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် နေကြာစိုက်ပျိုးသည့်တောင်သူများအား နေကြာမျိုးစေ့များဖြန့်ဝေ
Nov 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် “စားသုံးဆီဖူလုံဖို့နေကြာသီးနှံ စိုက်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာသိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာမျိုးစေ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် (၂၇) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနား ကျင်းပ
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန်သင်္ကန်း ကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက  ဖောင်ရွာ ရပ်ကွက် နေလသုခဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်
Nov 04,2022
ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြ သည်။