သတင်းများ

ထီးချိုင့်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်
Apr 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ မင်းလှမြို့နယ်၌ တိုးချဲ့မြို့ရေပေးရေးစီမံကိန်း၊ ရေစုကန်၊ ရေစက်ရုံ၊ ပွန်တွန်း၊ ထရန်စဖော်မာနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့အား  တက်ရောက်ဖွင့်လှစ်
Apr 11,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၈ နာရီက မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာရှိ တိုးချဲ့မြို့ရေပေးရေးစီမံကိန်း (ရေစုကန်၊ ရေစက်ရုံ၊ ပွန်တွန်း၊ ထရန်စဖော်မာနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း) ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် နွေရာသီအားကစား(အခြေခံ) သင်တန်း(၅)မျိုး ဆင်းပွဲ ကျင်းပ
Apr 11,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့ မိုးလုံလေလုံ အားကစား ခန်းမ အတွင်း လူငယ်လူရွယ်များအာကစား လိုက်စားခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော နွေရာသီအားကစား အခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။   
ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Apr 11,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဘောဂလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Astra Zeneca ၊ Sinopharm ၊ Covishield များဆက်လက်ထိုးနှံပေး
Apr 11,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ်၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျပန်းစကား‌ပြောပြိုင်ပွဲကျင်းပ
Apr 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ကာယဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေး‌ ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ သည်။
ပိုင်ကျုံမြို့၊ အ.လ.က(ခွဲ)ဝင်းကမော့ကျောင်းတွင် Steel Structure ဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း (၉၇)ရာခိုင်နှုန်းပြီး
Apr 11,2022
ပညာရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံ မြို့၊ ကစို့ကျေးရွာအုပ်စု၊  ဝင်းကမော့ကျေးရွာ၊ အ.လ.က (ခွဲ)ဝင်း ကမော့ကျောင်းတွင် Steel Structure ဖြင့် (၁၂၀ပေ×၃၀ပေ)ရှိ (၁)ထပ်ကျောင်းဆောင်သစ်တစ်လုံး တည် ဆောက်ပေး ခဲ့ကြောင်း သိရှိရသည်။
မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Apr 11,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယခုလပထမအပတ်မှ စတင်၍ စုရပ်အလိုက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။