ကျောက်မဲ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက်" ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးစိုင်းထွန်းသိန်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာ ဆွေးနွေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ် များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆/အထစနှင့်ပတ်သက်၍ မိဘပြည်သူများ သို့ အသိပေးထုတ်ပြန်ထားသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကျောက်မဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထင်အောင်က မြို့နယ်ရှိ မိဘပြည်သူများ၏ အခက်အခဲများကို လဝကရုံးများက ဖြေရှင်းဆောင်ရွက်ပေးကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးနေသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများ သို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော သူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများ တွင် သွားရောက်ပြုလုပ်ခြင်း၊ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင် ကြောင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန်လိုအပ်ကြောင်း အစရှိသည့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ပါ အချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)