ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာ မြို့မဈေးနှင့် အောင်ဆန်းရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Apr 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ ယမန်နေ့ ညနေပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးကော်မတီနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။