ထီးချိုင့်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်
Apr 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားစိတ်ဝင်စားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာစေရန် ရည်ရွယ်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြတောင် ကျေးရွာ၊ ဖုန်းကုန်းလေးကျေးရွာ၊ မောင်းကုန်းကျေးရွာ၊ ကက္ကုကျေးရွာများရှိ အားကစား ဝါသနာရှင်များအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။