သတင်းများ

ကျောက်ဆည်မြို့နယ်တွင် (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းကပ်လှူခြင်း၊ စာရေတံ မဲဖောက်ခြင်း၊ ရေစက်ချ အခမ်းအနား ကျင်းပ
Nov 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီက  ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ထီးတစ်ကောင် ဝမ်းဗိုက်ဖောင်းကား သေဆုံးလျက်တွေ့ရှိ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ လယ်ကွင်းထဲတွင် အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ထီးတစ်ကောင် ဝမ်းဗိုက်ဖောင်းကား သေဆုံးနေသည်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဒေသခံ ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိ၍ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က သွားရောက် စစ်ဆေးမှတ်တမ်းရယူပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဘုရားလာရောက်ဖူးမြှော်ကြသည့် ပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေး
Nov 04,2022
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာ(၃)ရက်(၄)ရက်နေ့တို့တွင် ဘုရားလာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ပေါင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကျင်းပ
Nov 04,2022
ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်(ကမ်းနား)ကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား တက်ရောက်
Nov 04,2022
(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို နိုဝင်ဘာလ ၄ ရက် နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝေါမြို့နယ်တွင် (၂၉) ကြိမ်မြောက် ဝေါမြို့မစုပေါင်း မဟာဘုံကထိန်ပွဲကျင်းပ
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် (၂၉) ကြိမ်မြောက် ဝေါမြို့မ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်လျက် ယမန်နေ့တွင် အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် လှူဒါန်းခဲ့သည်။