လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ် အမှတ်(၁၃) ရပ်ကွက်၊ အမက(၁၁)ကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၅၀)နှစ်နှင့်အထက်ရှိ သူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၅)ဦးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့် အထက်ရှိသူများ ပထမအကြိမ်စုစုပေါင်း(၃၂၀)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၈)ဦးရှိကြောင်း သိရှိရသည်။