မံစီမြို့နယ်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မံစီ နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဂျိန်းဖော့မြေရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၁ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးမှ ဝန်ထမ်း များက နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်အသိပညာပေး လုပ်ငန်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်စာပေများ အကြောင်း မိတ်ဆက်ရှင်းလင်းကာ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။ 

နယ်လှည့်အသိပညာပေးလုပ်ငန်းတွင် အသိပညာဗဟုသုတများစွာရရှိစေမည့် သုတရသစာအုပ် စာစောင် များကိုလည်း ဖြန့်ဝေဖတ်ရှုစေခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး၊ မျောက်ကျောက် ရောဂါ အန္တရာယ်ဆိုင်ရာအသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ ကလေးသူငယ်အလုပ် သမားပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး စသည့် အသိပညာပေး နံရံကပ် စာစောင် များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)