သတင်းများ

ဒက္ခိဏသီရိမြို့နယ်တွင် နဝမအကြိမ်မြောက် သာမဏေကျော်စာမေးပွဲ စတင်ဖြေဆို
Jan 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ်တွင် ရန်အောင်မြင် သာသနာလင်္ကာရ အသင်းမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နဝမအကြိမ်မြောက် သာမဏေကျော် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့နံနက် ၇ နာရီတွင် ရန်အောင်မြင်ရွေလက်လှစေတီတော် ပရဝဏ်အတွင်း၌ကျင်းပရာ ဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မနက်ပိုင်း ​ဖြေဆိုချိန်အပြီးတွင် သံဃာ​တော်များနှင့် သီလရှင်များအား  ​နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ
Jan 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက စတင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။
ဝိုင်းမော်မြို့နယ် လူထုအခြေ ပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ
Jan 02,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်း ကမ်ပိန်းဆောင်ရွက်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (အရွယ်အစား (၄)လက်မပတ်လည်)အား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတေကာကမ်ပိန်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံ၌  မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Jan 02,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးနှင့်ဝန်ထမ်းများက မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်အသိပညာပေး ဖြန့်ဝေပေးကြသည်။
စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဥ်များအား (Sticker) ကပ်ခြင်းဆောင်ရွက်
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူစည်ကားရာနေရာဖြစ်သည့် ပေါင်းနားရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံနှင့် မြင်တင်ရပ် ကွက်၊ မြို့မရဲစခန်းရှေ့တို့တွင် ယနေ့နံနက် (၈)နာရီအချိန်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မော်တော်ယာဥ်များအား (Sticker) ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်း ကမ်ပိန်းဆောင်ရွက်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (အရွယ်အစား (၄)လက်မပတ်လည်၊ ၇လက်မပတ်လည်)အား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတေကာကမ်ပိန်းကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးလမ်းဆုံ၊ တာပွန်လမ်း၊ ကန်ကြီးလမ်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။