သတင်းများ

ဗဟန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိအသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား၊ကျောင်းသူများအားကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီး
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကျင်းပ
Jun 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် အတွင်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက စတင်၍စာသင်ကျောင်း ဆေးထိုးစုရပ်နေရာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကျေးရွာအုပ်စု ၂၉ အုပ်စုတွင် နွေစပါးလျာထားဧက ၇၈၅၅ ဧက ပြည့်မီအောင်စိုက်ပျိုးသွားမည်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ အုပ်စု၌ နွေစပါးလျာထားဧက ၇၈၅၅ ဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်သော နွေစပါးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေး က ပြောသည်။
လောင်းလုံးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ကြား အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေး
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယမန်နေ့မွန်းလွှဲ  ၃ နာရီခွဲ က တောင်လားကျေးရွာအုပ်စုမြင်းဒိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster (CoviShield)ဆက်လက်ထိုးနှံ
Jun 06,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm(sinovac)ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား