နတ်တလင်း ဇန်နဝါရီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးနှင့်ဝန်ထမ်းများက မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်အသိပညာပေး ဖြန့်ဝေပေးကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄-၁-၂၀၂၂)ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်၊ မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစသည်တို့ပါဝင်ကြောင်း သိရပြီး စောင်ရေ (၄၅၀)ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)