သတင်းများ

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2023
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ယနေ့ နံနက်ပိုင်းမှစတင်၍ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိသည်။
ဂန့်ဂေါမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၅)နှစ်မြောက် စိတ်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ကျောတိုက်)တွင် ကျင်းပပြုလုပ်လျက်ရှိသည်။      
စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် ပလစ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်
Jan 02,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလစ်စတစ် ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကမ်ပိန်း ပြုလုပ်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများအား ယနေ့နံနက်ပိုင်းက မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ အခမဲ့ကပ်ပေးခြင်း​​ဖြင့် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
 ငဖဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန် အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် သတ်မှတ်နေရာများတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker  Campaign ဆောင်ရွက်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းတွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker  Campaign ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့၌ ကျောင်းသား/ သူ ကလေးငယ်များအား (၇၅) နှစ် မြောက်စိန်ရတုလွတ်လပ်‌ရေးနေ့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရေးအတွက် (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင်ကျောင်းတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။        
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေအုပ်စု ပန်လော့ကျေးရွာနေ ဦးစိုးနိုင်၏ ယာခင်းအတွင်း ဆောင်းသီးနှံ ကြက်သွန်ဖြူများကို ဒီဇင်ဘာလတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။