မြန်မာ(ကော့သောင်း)ထိုင်း(ရနောင်း)နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်
Jun 06,2022
ကမ္ဘာတစ်ဝှမ်း ကိုဗစ်၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့သည့်အချိန်မှစတင်ကာ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများမှ နှစ်နိုင်ငံကူးသန်းသွားလာလျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ရာမှ ယနေ့ဇွန်လ ၆ရက်နေ့မှ စတင်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံပြည်သူများ အပြန်အလှန်ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။