မိုင်းဆတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက စတင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။
မိုင်းဆတ်မြို့နယ်အတွင်းမှ လူငယ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတို့ကို ရပ်ကွက်၊ ကျေးရွာများမှ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း(၁၃) သင်းဖြင့် လည်းကောင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲအား ပြိုင်ပွဲဝင်ကစားသမား(၉)ဦးဖြင့် လည်းကောင်း အောင်ဇေယျဘက်စုံအားကစားကွင်းအတွင်း၌ ဇန်နဝါရီလ(၁)ရက်နေ့မှ (၄)ရက်နေ့ အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)