စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဥ်များအား (Sticker) ကပ်ခြင်းဆောင်ရွက်

စလင်း ဇန်နဝါရီ  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူစည်ကားရာနေရာဖြစ်သည့် ပေါင်းနားရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံနှင့် မြင်တင်ရပ် ကွက်၊ မြို့မရဲစခန်းရှေ့တို့တွင် ယနေ့နံနက် (၈)နာရီအချိန်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မော်တော်ယာဥ်များအား (Sticker) ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 စလင်းမြို့နယ်ရှိ မော်တော်ယာဥ်များနှင့်ခရီးသွားမော်တော်ယာဥ်များအား (Sticker) ကပ် ခြင်းများပြုလုပ်ဆောင်ရွက်ခြင်းများကို စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် စလင်းတပ်နယ်မှ ဗိုလ်မှူးထိန်လင်းအောင်၊၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်သူ၊ ယာဥ်ထိန်းတပ်ဖွဲ့စိပ်မှူး ရဲအုပ်အောင်ဇော်မင်းနှင့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စုစုပေါင်း အင်အား (၅၀)ဦးတို့ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် (Sticker) များအား မော်တော်ယာဥ်များတွင် ကပ်ပေးခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့