ဒက္ခိဏသီရိ ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ်တွင် ရန်အောင်မြင် သာသနာလင်္ကာရ အသင်းမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နဝမအကြိမ်မြောက် သာမဏေကျော် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့နံနက် ၇ နာရီတွင် ရန်အောင်မြင်ရွေလက်လှစေတီတော် ပရဝဏ်အတွင်း၌ကျင်းပရာ ဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မနက်ပိုင်း ဖြေဆိုချိန်အပြီးတွင် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
နဝမအကြိမ်မြောက် သာမဏေကျော်စာမေးပွဲတွင် မြန်မာနိုင်ငံအနှံ့ပြားမှ စာဖြေသာမဏေ (၁၃၂၅)ပါး၊ သီလရှင် (၁၆၇)ပါး စုစုပေါင်း (၁၄၉၂)ပါးတို့က ဇန်နဝါရီ (၂)ရက်နေ့မှ(၄)ရက်နေ့အထိ (၃) ရက် ကြာ ဝိနည်း၊ အင်္ဂုတ္တိရ်၊ ဓမ္မပဒ စသည့်ဘာသာရပ်တို့ကို ဝင်ရောက် ဖြေဆိုမည်ဖြစ်ကာ စာအောင်လက်မှတ် ဆက်ကပ်ပွဲကို ဇန်နဝါရီ (၁၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)