ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပန်းတောင်း ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သည့် ဆောင်းပါး၊ လွတ်လပ်ရေးပန်းမို့မနွမ်းစေချင် ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ လွတ်လပ်ရေးကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်၊ လွတ်လပ်ရေးကိုထိမ်းသိမ်းစောင့်ရှောက်ရန်အတွက် စည်းလုံးညီညွတ်မှုကိုတည်ဆောက်စသည့် အကြောင်းအရာများဖြင့် ဝေဆာစွာထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ ဆက်)