သတင်းများ

ချင်းရွှေဟော်မြို့တွင် ရှင်အပါး(၃၅၀) ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကျင်းပ
Jun 06,2022
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ထေရဝါဒသာသနာပြု ကျောင်းတိုက်ခွဲ ကိုးန၀င်းအောင်စကြ်ာကျောင်းတိုက် အောင်သုခပဌာန်းဓမ္မာရုံတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးခင်မောင်လွင်နှင့် ဇနီးဒေါ်မိုးစန္ဒာ မိသားစုမှရှင်အပါး(၃၅၀)ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲအား ကျင်းပလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့၌ ပြည်သူများအသုံးပြုလျက်ရှိသည့် သောင်ရင်းမြစ်ရေသန့်ရှင်းစေရေး ကွင်းဆင်းကြည်ရှု့စစ်ဆေး
Jun 06,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများ နေစဉ်သောက်သုံးနေသည့် သောင်ရင်းမြစ်ရေ သန်ရှင်းကောင်းမွန်စေရေးနှင့် မြစ် ကမ်းတစ်လျှောက် ပြည်သူများမှနေ့စဉ်စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍  ဌာနဆိုင်ရာအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည်ကြည့်ရှု
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
တောင်သာမြို့၌   မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရှိဘုရားနှင့်ဘုန်း တော် ကြီးကျောင်း၊ အ.ထ.ကကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jun 06,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်နှင့်‌ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်မှုမရှိကြသည့် ရပ်ကွက်/ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အ.ထ.က(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာများသို့ သွားရောက်ငှားရမ်းပေးကြသည်။
ရွာငံမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေး
Jun 06,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူ နိုင်ရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ဝန်ထမ်းများသည် ဇွန် (၆) ရက် နံနက်ပိုင်းက ဘုရားကြီးကုန်း ဘုန်းကြီးကျောင်း၀န်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိပြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဘုရားကြီးကုန်းကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ် (KG)မှ G(7)ထိ စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၉)ဦး ရှိပြီး ကာကွယ်ဆေးထိုးပြီးစီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၆၅)ဦးရှိကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးကောင်းမွန်သော  ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူကိုယ်တိုင် လက်မှတ်ထိုး၍ လိုက်ပါဆောင်ရွက်ပေးသော ကျောင်းသားများကိုသာ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jun 06,2022
''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။