သတင်းများ

အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jan 02,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများတွေ့ဆုံပွဲကို မြန်မာဘုတ်ချောင်းကျေးရွာအုပ်စု မြန်မာဘုတ်ချောင်း ကျေးရွာဘုန်းတော်ကြီကျောင်းဓမ္မာရုံ၌ ယမန်နေ့နေ့လယ်အချိန်တွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များတွင် ရောင်ပြန်စတေကာများ လိုက်လံကပ်ပေး
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စက်တပ်ယာဉ်များ၌ ရောင်ပြန်စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စလင်း - ပွင့်ဖြူ - မင်းဘူး - မကွေးသွား ကားလမ်းတွင် ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့ဝင် တိုးဂိတ်တွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ယာဉ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတမ်းပါစတေကာများကို မော်တော်ယာဥ်များ၊ ဆိုင်ကယ်များအား ကပ်နှံပေး
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ စာတမ်းပါစတေကာများကို မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ကပ်နှံပေးခြင်းကို ပေါ်တော်မူရှင်ဖြူ ဘုရားလမ်းဆုံတွင် ယနေ့နံနက် (၈:၀၀) အချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင် မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါ်တော်မူဘုရားလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါ်တော်မူဘုရားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀)အချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jan 02,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့‌သည့် မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ သူရလမ်းအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက် ၁၀ နာရီက အထက (၁) နှင့်အထက(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။