Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Jan 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပလီမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)နံရံကပ် စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက်
Jan 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.မ.က ငပလီကျောင်းတွင်ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ၏ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံး မြို့နယ်တွင် (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က၊ လောင်းလုံးကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဘောလီဘော အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ
Jan 02,2023
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အမျိုးသားအလွတ်တန်း ဘောလီဘောအားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲယှဉ်ပြိုင်
Jan 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Jan 02,2023
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က အမှတ် ၃ စျေးရပ်ကွက် လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17676
Page
17677
Page
17678
Page
17679
Current page
17680
Page
17681
Page
17682
Page
17683
Page
17684
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department