သတင်းများ

မိုးကောင်းမြို့၌ မွေးစမှ (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jun 06,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၀န်ကြီးချုပ် ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Jun 06,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။
ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 06,2022
ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covishield ဆက်လက်ထိုးနှံ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် အသက် ၁၅ နှစ်ပြည့်ပြီး ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံသေးသူများ၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များနှင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို သက်ဆိုင်ရာနေရာများရှိ  ဆေးထိုးစုရပ် အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကြူတောကန် အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိရပ်ကွက်နေ ပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ် ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်ရှိ အောင်မြေသုခကျောင်းတိုက်ကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့်သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့်ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက်၉နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ ခူဝိန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝန်း၌ ၂၀၂၂−၂၀၂၃ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။