သတင်းများ

ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများဆောင်ရွက်ပေး   
Jan 02,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇန်နဝါရီ ၂ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် အိမ်ထောင်စု (၁၂၀၀)စုအား နှစ်ဦးအလှူအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၅၀၀၀၀) ထောက်ပံ့
Jan 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စု (၁၂၀၀)စုအား “နှစ်ဦးအလှူတော်”အဖြစ် တစ်အိမ်ထောင်လျှင်ငွေကျပ် (၅၀၀၀၀) ထောက်ပံ့ပေးခြင်းကို ရွှေတောင်စုရပ်ကွက် ဓမ္မာရုံတွင် ထောက်ပံ့ငွေများပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေဆပ်ရန်ကျန်ရှိ တောင်သူများတွေ့ဆုံ ဆွေးနွေး
Jan 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေဆပ်ရန်ကျန်ရှိ တောင်သူများတွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် ဌာပနာတော်များ မြို့တွင်းသို့လှည့်လည်အပူဇော်ခံ
Jan 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရားပြည့်စုံထက်သန်မှု၏ ပြယုဂ်အဖြစ်တည်ရှိပြီး သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသော မြို့နယ်တစ်ခု အနေဖြင့် ရေရှည်စည်ပင်သာယာဝပြောမှုကို
လားရှိုးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်
Jan 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် စက်ဘီးစီးပြိုင်ပွဲကို (၃-၁-၂၀၂၂)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် (၂-၁-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ငပုတောမြို့နယ်စိုက်တိုးမြှင့်အဖွဲ့  အုပ်ရှစ်ကွင်းကျေးရွာဒေသခံ တောင်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ကွင်းဆင်းကြည့်ရှု
Jan 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် အုပ်သျှစ်ကွင်းအုပ်စု၊ အုပ်ရှစ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှုး ရုံးတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
လားရှိုးမြို့၌ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေလီရတနာရေကျော်တံတား ဖွင့်လှစ်
Jan 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေလီရတနာရေကျော်တံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု တုံအောကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှေ့ပိုင်းကျေးရွာအုပ်စု တုံအောကျေးရွာ၌ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။