သတင်းများ

(၃၈)ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုရ မြို့နယ်အဆင့် (ပ-ဒု-တ)ဆုရရှိသူများနှင့် သီးသန့်လက်ရွေးစင်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jun 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံသာသနာ့ ဗိမ္ဗာန်တော်ကြီးတွင် ယနေ့ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုရ မြို့နယ် အဆင့် (ပ-ဒု-တ)ဆုရရှိသူများနှင့် သီးသန့်လက်ရွေးစင်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပသည်။
ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနား ပြုလုပ်
Jun 05,2022
၁.၆.၂၀၂၂ ရက်နေ့မှ ၅.၆.၂၀၂၂ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပြီးဖြစ်သဖြင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအား ယ​နေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ် းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက(၁) ကျောင်း အောင်မြေခန်းမ၌ကျင်းပခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 05,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်
နမ့်ခမ်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ သစ်တောဦးစီးဌာနမှ ကျင်းပသည့် ဒေသစိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉) နာရီအချိန် နမ့်ခမ်းမြို့ရှိ နောင်ခမ်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
​ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ​ကျင်းပ
Jun 05,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်သစ်​တောဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ (World Environment Day) အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပြည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတိုးပွားလာစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်များ ပြန်လည်မြင့်တက်လာစေရန် ရည်ရွယ်၍ ပြည်မြို့ ရှေးဟောင်းသမိုင်းဝင်  အောင်မြင်ဗာဟုဘုရားအနီး၌ ယနေ့ နံနက် ၈ နာရီက ခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီ ဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီ အချိန်က ရေတွင်း ကုန်းကျေးရွာ၊ အ.မ.က (ရေတွင်းကုန်း) ကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။