ဝိုင်းမော်မြို့နယ် လူထုအခြေ ပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ

ဝိုင်းမော် ဇန်နဝါရီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း‌ ပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း(လဘန်)မှ ဒေါ်ဖီဆီဝေ(လယ်/ပြ)က လွတ်လွပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် လိုအပ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကို ဒေသခံ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဝိုင်းမော်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Facebook Page မှ တစ်ဆင့်ထုတ်လွင့် ပေးသွားမည် ဖြစ်ကြောင်းနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူစင်(ပြန်/ဆက်)