ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်း ကမ်ပိန်းဆောင်ရွက်

ဇီးကုန်း ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (အရွယ်အစား (၄)လက်မပတ်လည်)အား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတေကာကမ်ပိန်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံ၌  မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရေး၊ အလေးထားတန်ဖိုးထားတတ်စေရေး ရည်ရွယ်ကာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများကို ရန်ကုန်-ပြည် ကားလမ်းတစ်လျောက် သွားလာမောင်းနှင်နေသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို မော်တော်ယာဉ်ရှေ့ မြင်သာသည့်နေရာများ၌ စတေကာ (၁၀၀၀) ကိုကပ်ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)