သတင်းများ

ပေါက်ခေါင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်လှစ်
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။
ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများဆောင်ရွက်
Jan 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုသည့် စကားအတိုင်း ကျောင်းသား/ သူများ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ဆင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကင်းမြို့နယ် အမှတ် (၁၃)ရပ်ကွက်၊ မဂ္ဂင်လမ်းအမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း အမှတ်(၁၁)အခြခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက် ၉:၃၀ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံနှင့် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Jan 02,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အားကစားခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံနှင့် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Jan 02,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့  နံနက် ၁၀ နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု သဲကုန်းကျေးရွာ အမက၌ ကျင်းပခဲ့သည်။
စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်၉နာရီက ကျင်းပခဲ့သည်။
မိုင်းငေါ့မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်
ကန့်ဘလူမြို့နယ်၌ အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာ ကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 02,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ ၂ ရက်နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။