နတ်တလင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (အရွယ်အစား (၄)လက်မပတ်လည်၊ ၇လက်မပတ်လည်)အား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတေကာကမ်ပိန်းကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးလမ်းဆုံ၊ တာပွန်လမ်း၊ ကန်ကြီးလမ်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းကာ ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရေး၊ အလေးထားတန်ဖိုးထားတတ်စေရေး ရည်ရွယ်ကာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများကို မြို့မဈေးလမ်းဆုံ၊ တာပွန်လမ်း၊ ကန်ကြီးလမ်းတို့တွင် သွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များရှေ့ မြင်သာသည့်နေရာများ၌ စတေကာ စောင်ရေ(၁၀၀၀၀) စောင်ခန့် ကပ်ပေးခြင်းကမ်ပိန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)