သတင်းများ

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် စိုက်ပျိုးထားသောနေကြာ စိုက်ခင်းအား ကြည့်ရှုအားပေး
Apr 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မဲဇလီစာဖြူစု ကျေးရွာအုပ်စုတွင် မြို့နယ် စိုက်တိုးမြှင့်အဖွဲ့မှ စိုက်ပျိုးထားသော နေကြာ (၁၀) ဧက စိုက်ခင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ဒေးဒရဲမြို့၌ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ ကျင်းပ
Apr 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြန်မာ့နှစ်သစ်ကူး အခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်သူများ ဥပါဒ်ဘေးဒဏ် ရန်အသွယ်သွယ် ကင်းစင်ပပျောက်စေရေးအတွက် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲကို ယမန်နေ့ညနေ (၅)နာရီခွဲ၌ ဒေးဒရဲမြို့နယ် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။
ကော့မှူး၌ အသက်(၉၀)နှစ်အထက် အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အန္တရာယ်ကင်းစေရန် သံဃာတော်များက ပရိတ်တရားရွတ်ဖတ်ပူဇော်
Apr 18,2023
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၅ ခုနှစ်အတွင်း ပြည်သူများအန္တရာယ်ကင်းဝေးစေရန်အတွက် သံဃာတော်များက ပရိတ်တရားတော်များ  ရွတ်ဖတ်ပူဇော်ခြင်းကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညနေပိုင်းက ရပ်ကွက်နှင့်ကျေးရွာများ၌ ရွတ်ဖတ်ပူဇော်ကြောင်း သိရသည်။
ကေ့ာကရိတ်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ကူးဆွမ်းကပ်လှူဒါန်းခြင်း၊ သက်ကြီး ပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
Apr 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နှစ်ကူးဆွမ်းကပ်လှူဒါန်းခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ
Apr 18,2023
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယမန်နေ့က ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Apr 18,2023
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သီလ၊ သမာဓိဂုဏ်နှင့် အသက်အရွယ်ရလာကြသော အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။