ကျောက်တံခါး ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၅ ခုနှစ်အတွင်း ပြည်သူများအန္တရာယ်ကင်းဝေးစေရန်အတွက် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညနေပိုင်းက ရပ်ကွက်နှင့်ကျေးရွာများ၌ ရွတ်ဖတ်ပူဇော်ကြောင်း သိရသည်။
အဆိုပါ ပရိတ်တရားတော်နာရာတွင် ရပ်ကွက်/ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပရိတ်ရေအိုးများပြုလုပ်၍ ပရိတ်ရွတ်သည့်နေရာသို့ ပို့ဆောင်ကြပြီး ပရိတ်ရွတ်ပြီးပါက ပရိတ်ရေအိုးမှရေများအား အန္တရာယ်ကင်းစေရန် မိမိနေအိမ်အနှံပတ်ဖျန်းကြကြောင်းနှင့် အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)