သတင်းများ

ငါန်းဇွန်မြို့၌ (၄၀)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 18,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပသော အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကို ယမန်နေ့ ည ၇နာရီက  (၄၀) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲအခမ်းအနား ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့်သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ
Apr 18,2023
၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့်သက်ကြီးပူဇော်ပွဲကို ယမန်နေ့နံနက်(၅)နာရီက ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးညိုမြို့နယ်၌ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Apr 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာ့ရိုးရာ အစဉ်အလာမပျက်(နှစ်ဆန်း၁ရက်နေ့)တွင် အလှူဒါနကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိရာ
ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်များတွင် လမ်းအလိုက်စုပေါင်းကာ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်များရွတ်ဖတ်ပူဇော်
Apr 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ယမန်နေ့ ညနေ(၆)နာရီတွင် ရပ်ကွက်များတွင် လမ်းအလိုက် ရပ်ကွက်နေမိသားစုများ စုပေါင်းကာ သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်နာယူကြကြောင်းသိရသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Apr 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲများ ပြုလုပ်
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း (၁)ရက်နေ့၌ နေရာဒေသအသီးသီးတွင် မြန်မာတို့၏ ဓလေ့ရိုးရာအရ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပ
Apr 18,2023
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မူဆယ်မြို့အ.ထ.က(၂)ကျောင်းခန်းမတွင်ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် အဘိုးအဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်
Apr 18,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။