သတင်းများ

မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကလိန်အောင်မြို့ ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိ
Apr 18,2023
၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသောနေ့ ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များမှ စေတီပုထိုးများ၊ ဘုရားကျောင်းကန် စေတီများတွင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများဖြင့် စည်းကားလျက်ရှိရာ  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးသူပြည်သူများဖြင့်  ယမန်နေ့ နံနက်ပိုင်းမှစ၍စည်ကားလျက်ရှိ‌ကြောင်းသိရသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်
Apr 18,2023
နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်ကူးပြောင်းသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများတွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
တံတားဦးမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရကပ်နေ့ တံတားဦခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း အမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားစေတီများ၍ ကောင်းမှုကုသိုလ်ပြုခြင်း လုပ်ငန်းများဆောင်ရွက်
Apr 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများ စုပေါင်း၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့ စခန်းသစ်ကျေးရွာတွင် ပီလောပီနံများ စီးပွားဖြစ် စိုက်ပျိုး
Apr 18,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ စခန်းသစ်ကျေးရွာတွင် ဈေးကွက်ဝင် ပီလောပီနံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ စခန်းသစ်ကျေးရွာတွင် ကိုင်းဆက်စိုက်ပျိုး ထားသော ပီလောပီနံများ အား ယခုနှစ်တွင် ဧက ၁၀၀ ကျော် စိုက်ပျိုးထားလာနိုင်ပြီး ဖြစ်သည်။ ပီလောပီနံများအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်သော ရောင်းတန်းဝင်သီးနှံတစ်မျိုးအဖြစ် ဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်လာပြီး တောင်သူများအနေဖြင့် ပြောင်းအစားထိုးသီးနှအဖြစ် စိုက်ပျိုး လာကြပြီးဖြစ်သည်။
လှိုင်းဘွဲမြို့နယ်တွင် သာသနာ့ဆွေတော်မျိုးတော် ဝေယျာဝစ္စအသင်းမှ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကျင်းပ
Apr 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြို့မကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရ၏ ဩဝါဒခံယူ၍ သာသနာ့ဆွေတော်မျိုးတော် ဝေယျာဝစ္စအသင်းမှ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သင်္ကြန်အထူး ညတရားပွဲကို ယမန်နေ့ည(၇)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကုတ်မြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 18,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလမ်းမကြီးများတစ်လျှောက် လှည့်လည်နာယူခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
Apr 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ မြို့ပေါ်ရပ်ကွက်  လမ်းဆုံလမ်းခွနေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ အချိန်က သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။