ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် စိုက်ပျိုးထားသောနေကြာ စိုက်ခင်းအား ကြည့်ရှုအားပေး

အိမ်မဲ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မဲဇလီစာဖြူစု ကျေးရွာအုပ်စုတွင် မြို့နယ် စိုက်တိုးမြှင့်အဖွဲ့မှ စိုက်ပျိုးထားသော နေကြာ (၁၀) ဧက စိုက်ခင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လာရောက်ကြည့်ရှု အားပေးခဲ့သည်။

မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ မှ မဲဇလီစာဖြူစုကျေးရွာအုပ်စုတွင် စိုက်ပျိုးထားရှိသော နေကြာ (၁၀) ဧက စိုက်ပျိုးထားရှိမှု၏ အောင်မြင်မှုအခြေအနေအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည်လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များအား လမ်းညွှန်မှာကြားပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အိမ်မဲမြို့နယ် ကညှင်ကွင်း ကျေးရွာအုပ်စု ကွင်းအမှတ် (၈၅) ရှိ တောင်သူ ဦးလူမြိုင် (ပါ) တောင်သူ (၈) ဦး၏ တစ်ကွင်းတစ်စပ်တည်း (၈) ဧက တွင် ပိုက်ဆံလျှော်စိုက်ပျိုးရန် မျိုးစေ့များပေးအပ်ပွဲပြုလုပ်ပြီး ကြဲပတ်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)