ကေ့ာကရိတ် ဧပြီ ၁၈
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နှစ်ကူးဆွမ်းကပ်လှူဒါန်းခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နှစ်ကူးဆွမ်းကပ်အလှူမင်္ဂလာကို မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပြီး မြို့မဘုန်းကြီးကျောင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များအား ဆွမ်းကပ်ပူဇော်ခဲ့ကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဒေသမှူး၊ ဗျူးဟာမှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် သက်ကြီးပူဇော်ပွဲကို မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ ကေ့ာကရိတ်မြို့ပေါ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ဦးသုံးကြိမ်ချကန်တော့ာကြပြီး ဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေနှင့် ဂါရဝပစ္စည်း ပူဇော်ကန်တော့ငွေ နှစ်သောင်းလေးထောင်ကျပ်ဖြင့် ဘိုးဘွား(၁၂၀)ဦးအား လှူဒါန်းခဲ့ကြပြီး သက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သော ဘိုးဘွားများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံကန်တေ့ာလှူဒါန်းကြမည် ဖြစ်သည်။
ယင်းနောက် ဇီဝိတဒါနငါးလွှတ်ပွဲကို လှိုင်ဝချောင်းတွင် ကျင်းပရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)