ကျုံပျော်မြို့နယ် ဗဟိုမဏ္ဍပ်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် နိုင်ငံအဝှမ်း အေးချမ်းသာယာမှုရှိစေရန်ရည်ရွယ်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၇ ရက်ညနေ ၅ နာရီအချိန်က ကုသိုလ်ယူ ကျင်းပပြုလုပ်သည်။