မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

လောင်းလုံး ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နမောတသသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့လယ်သာသနာ့ကျောင်းတိုက်မှ ဆရာတော် ဥူးအဂ္ဂဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်လွင်နှင့် အဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)