မိုးမိတ်မြို့နယ်တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
Apr 20,2023
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူများ ဗုဓ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုဘာသာရပ်များကို လေ့လာသိရှိစေလိုသောရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အမှတ်(၁)အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။