ကော့သောင်းမြို့၌ ၁၃၈၅ ခုနှစ်၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့ဇီ ဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့တွင်ကျင်းပပြုလုပ်ကြောင်း သိရသည်။ အဆိုပါ ကုသိုလ်ယူပြုလုပ်သည့် အခမ်းအနားတွင် ဇီဝိတဒါနငါးလွှတ်ပွဲကို နံနက်ပိုင်းက မြို့မတံတားတွင်ပြုလုပ်ရာ စစ်ဗျူဟာ(အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ပင်လယ်တွင်းသို့ ငါးနှင့်ဂဏန်းများအား ဇီဝိတဒါန လွှတ်ပေးခဲ့ကြသည်။