ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရေများ လှည့်လည်ပက်ဖျန်း
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ထားသော အန္တရာယ်ကင်းပရိတ်တရားတော်ရေများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်၊ မွန်းလွဲ ၂:၃၀ နာရီက မြို့နယ်မီးသတ်စခန်းမှ မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံပက်ဖျန်းပေးကြောင်း သတင်းရရှိသည်။