တွံတေးမြို့နယ်၌ သက်ကြီး ဘိုဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း တစ်ရက်နေ့ မြန်မာနှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိအသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီကကျွန်းတောရပ်ကွက်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။