ကလိန်အောင် ဧပြီ ၁၈
၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသောနေ့ ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များမှ စေတီပုထိုးများ၊ ဘုရားကျောင်းကန် စေတီများတွင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများဖြင့် စည်းကားလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးသူပြည်သူများဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍စည်ကားလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကလိန်အောင်မြို့ရှိ အထင်ကရရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးသူပြည်သူများအား အလှူရှင်များမှ စတုဒိသာအလှူအဖြစ် သင်္ကြန်ထမင်းလှူဒါန်းခဲ့ပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည့်အတွက် အနယ်နယ်အရပ်က ဘုရားဖူးပြည်သူတွေက နံနက်စောစောမှ ညနေအချိန်အထိ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆွမ်းများကပ်လှူပူဇော်ခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)