သတင်းများ

ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံ ပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေနံနက်ပိုင်းတွင် ထားဝယ်မြို့၊ မီးသတ်ဦးစီးဌာန ရုံးဝင်း အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း အလွန်ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ရောက်ရှိ‌နေသဖြင့် မြို့နယ် နေပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြိုင်ပွဲများကျင်းပ
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လည် ၁၁ နာရီက အဆိုပါရုံးရှိ
ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့်     တရားမဝင်တိုက်ဖျက်ရေးနံရံကပ်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့  သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ နံရံကပ်စာစောင်များ ပြသ
Apr 20,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနံရံကပ်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့ နံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ၂၀၂၃ခု၊ ဧပြီလအတွင်း ရာသီဥတု ပူပြင်းလာပြီဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ပြည်သူအများ သိရှိနိုင်ရန်အတွက် အပူဒဏ် ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre) လုထုအခြေပြုဗဟိုဌာန ခန်းမအတွင်း ယမန်နေ့ နံနက် ၁၀နာရီက ပြုလုပ်ပေးခဲ့ကြသည်။
လယ်ဝေးမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများရွေးချယ်
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဟောပြောပွဲဆောင်ရွက်
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲ က ချောင်းဆုံကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။